သတင်းများ

စလင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ ကျင်းပပြုလုပ်
Apr 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် (၄)ရက် သကြင်္န်အတက်နေ့ ယနေ့ဧပြီလ(၁၆)ရက် နံနက်(၉) နာရီ မိနစ် ၃၀ အချိန်က ပေါင်းပင်းဇင်းရပ်ကွက်၊ ရှင်ပင်ရွှေမုဋ္ဌောဘုရား၊ ဝက်သည်းကန်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဇီဝိတဒါနငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲတက်ရောက်၊ ဆရာတော်ကြီးများအား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း
Apr 16,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲကကြီးမှူး၍ နိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ကန်တော်ကြီးရေကန်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ အေးချမ်းသာယာစွာ ရေပက်ကစား ဆောင်ရွက်လျက်ရှိ
Apr 16,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနှင့် မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းသာယာစွာရေပက်ကစား ဆောင်ရွက်လျက်ရှိကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာအတွင်း နေရပ်စွန့်ခွာပြည်သူများနှင့်ဝန်ထမ်းများအတွက် မိုးမကျမီ အမိုးအကာဖြင့်နေထိုင်နိုင်ရေးနေအိမ်များ ဆောက်လုပ်ပေးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
Apr 16,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများအား စွန့်ခွာလာခဲ့ကြသော ပြည်သူများနှင့်ဝန်ထမ်းများအတွက် မိုးမကျမီ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးစီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့နံနက်(၈)နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင်မြေဧရိယာ၌ နေအိမ်များဆောက်လုပ်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အင်္ဂပူမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်(အကြတ်နေ့) အေးချမ်းသာယာစွာဖြင့် ရိုးရာယဥ်ကျေးမှုအစဉ်အလာမပျက် သင်္ကြန်ပွဲတော်ဆင်နွှဲလျက်ရှိ
Apr 16,2025
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ရိုးရာယဥ်ကျေးမှုအစဉ်အလာမပျက် အေးသင်္ကြန်ပွဲတော်ကျင်းပရာ မြန်အောင်ခရိုင်မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ မဟာသင်္ကြန်အတက်နေ့ ပြည်သူများ အေးချမ်းစွာရေကစား
Apr 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (သင်္ကြန်အတက်နေ့) ယနေ့ ဧပြီလ ၁၆ ရက်က ဗဟိုမဏ္ဍပ်နှင့် လမ်းမများတွင် ဒေသခံပြည်သူများက အေးသင်္ကြန်အဖြစ် အေးချမ်းစွာ ရေကစားလျက်ရှိကြသည်။
ရေနံချောင်းမြို့၌ အေးချမ်းစွာရေပက်ကစားခြင်းနှင့် စတုဒိသာကျွေးမွေး ကုသိုလ်ပြုခြင်းများဖြင့် စည်ကား
Apr 16,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် ရပ်ကွက်နှင့်ကျေရွာများရှိ ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ကုသိုလ်ပြုသူများနှင့် စတုဒီသာကျွေးမွေးကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများ ဆက်လက်ပြုလုပ်
Apr 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၆ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သင်္ကြန်အတက်နေ့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ မြို့နယ်စတုဒိသာမဏ္ဍပ်တွင် ဆက်လက်ပြုလုပ်လျက်ရှိသည်။