Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာအုပ်စု အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
Apr 17,2025
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသ ကေလာကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ဆန်၊ ဆီလှူဖွယ်ပစ္စည်းများလှူဒါန်း၊ ငလျင်ဘေးကြောင့်ပျက်စီးခဲ့သည့် နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Apr 17,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက် စီးခဲ့သည့် နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ သင်္ကြန် အတက်နေ့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပ
Apr 17,2025
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်အတွင်း နစ်နာဆုံးရုံးခဲ့ရသည့် ပြည်သူအများအပြားရှိခဲ့ရာ ယခုနှစ်မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အပျော်အပါး သီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်မှအေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန်အနီး၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ကျင်းပပြုလုပ်
Apr 16,2025
မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရားရင်ပြင်တော်ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့(မဟာသင်္ကြန်အကျနေ့) ညမှစတင်ကာ ညောင်ပင်သာ ကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ကြန်အတက်နေ့ညနေ၌ ဘိုကလေးမြို့နယ်တွင် ရိုးရာအစဉ်အလာမပြတ် သနပ်ခါးသင်္ကြန်ဆော့ကစား
Apr 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့သင်္ကြန်အတက်နေ့ညနေ၌ ရိုးရာအစဉ်အလာမပြတ် သနပ်ခါးသင်္ကြန်ဆော့ကစားခြင်းနှင့် စတုဒီသာကျွေးမွေးမှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့် အညီမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) မြန်မာ့သနပ်ခါးလိမ်းခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများဆောင်ရွက်
Apr 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက်ရေကစားခြင်း၊ မြန်မာ့သနပ်ခါးလိမ်းခြင်းနှင့် စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းများအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် သင်္ကြန်မင်းသားစတုဒိသာမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာဖြင့် မဟာသင်္ကြန်ပွဲတော်အတက်နေ့ ကျင်းပ
Apr 16,2025
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းနှင့်စတုဒီသာ အာဟာရ ကျွေးမွေးခြင်းများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၁၃ လမ်းထောင့်ရှိ သင်္ကြန်မင်းသားစတုဒီသာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းစွာရေပက်ကစားခြင်း စတုဒိသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ်
Apr 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက် အေးချမ်းစွာရေပက်ကစားခြင်းနှင့် သင်္ကြန်ချစ်သူပြည်သူများကို စတုဒိသာကျွေးမွေးခြင်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စတုဒိသာသင်္ကြန်မဏ္ဍပ်၌ အကြိုနေ့မှစ၍ နေ့စဉ်ကျင်းပပြုလုပ်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
942
Page
943
Page
944
Page
945
Current page
946
Page
947
Page
948
Page
949
Page
950
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department