သတင်းများ

ဒေါပုံမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ ဇီဝိတဒါနငှက်လွှတ်ပွဲ အခမ်းအနားကျင်းပဆောင်ရွက်
Apr 16,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများဘေးအန္တရာယ်အပေါင်းက ကင်းရှင်းစေရန်ရည်ရွယ်၍ ဇီဝိတဒါနငှက်လွှတ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတတ်နေ့ နံနက်ပိုင်းက သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲကို အမှတ်(၁၀)ရပ်ကွက်၊ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအတွင်းရှိ ဦးဖိုးရွှေတန်ဆောင်း၌ ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာအစဉ်အလာမပျက် ရေကစားခြင်းနှင့် စတုဒိသာ အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်
Apr 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် (၁၁) လမ်းထောင့်တွင် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရိုးရာအစဉ်အလာမပျက် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများဖြင့် ရေပက်ကစားလျက်ရှိသည်။
အုတ်တွင်းမြို့နယ် မဟာသင်္ကြန်ပွဲ​​တော်ကာလတွင်​မြန်မာ့ရိုးရာအစဉ်အလာမပျက် ရေကစား၍ စတုဒီသာများဖြင့်ကုသိုလ်ပြု
Apr 16,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ကို  ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက်သင်္ကြန်အတက်နေ့ထိ ရပ်ကွက်၊ ကျေးရွာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်တည်သူ၊ တရားထိုင်သူ၊ ကုသိုလ်ပြုသူများရှိပြီးမုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ အချိုရည်၊ မုန့်ဟင်းခါးတို့ဖြင့် စတုဒိသာကုသိုလ်ပြုလှူဒါန်း၍ အေးချမ်းစွာရေပက်ရေကစားကြကြောင်း သိရပါသည်။
ကျောက်တံတားမြို့နယ် ပိတောက်ရွှေဝါစတုဒိသာမဏ္ဍပ်တွင် စတုဒိသာများ ကျွေးမွေး
Apr 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းအလယ်၊ မဟာပိန္နဲကျောင်းရှေ့ရှိ ပိတောက်ရွှေဝါစတုဒိသာမဏ္ဍပ်၌ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြန်မာ့ရိုးရာရေကစားခြင်းနှင့် စတုဒိသာများ ကျွေးမွေးခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာမဟာပွဲ‌ သင်္ကြန်ပွဲတော် အကြတ်နေ့  စတုဒိသာကျွေးမွေး
Apr 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၁၃၈၆-၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့ စတုဒိသာကျွေးမွေးခြင်းနှင့် ရေကစားခြင်းကို  ယမန်နေ့ ညနေ ၃ နာရီအချိန် ဥက္ကလာသီရီပန်းခြံရှေ့တွင် မြန်မာရိုးရာယဉ်ကျေးမှုအစဉ်အလာ မပျက်ကျင်းပရာ ပြည်သူများ အေးချမ်းစွာ ရေပတ်ကစားပါ၀င်ဆင် နွှဲလျက်ရှိသည်။
ထားဝယ်မြို့တွင် လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးသင်္ကြန်ဆင်နွှဲနေမှုအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ကြည့်ရှုအားပေး
Apr 16,2025
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လမ်းလျှောက်သင်္ကြန်ကို မြန်မာရိုးရာယဉ်ကျေးအစဉ်အလာများနှင့်အညီ အေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးသည်။
ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့တွင် သက်ကြီးပူဇော်ပွဲ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် စတုဒိသာများကျွေးမွေးလှူဒါန်း
Apr 16,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  ပေါင်းတည်မြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ယမန်နေ့၌   ဥပုသ်သီတင်းသီလဆောက်တည်ကြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများက သက်ကြီးပူဇော်ပွဲပြုလုပ်ခြင်း၊ ဇီဝီတဒါန ငါးလွှတ်ပွဲနှင့်စတုဒိသာ​ကျွေးမွေးလှူဒါန့်းခြင်းများကို ပြုလုပ်ဆောင်ရွက်ကြပြီး လူငယ်လူရွယ်များကရပ်ကွက်များရှိ လမ်းအသီးသီးတို့တွင် အေးချမ်းစွာ ရေပက်ကစားကြသည်။