ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်အတွင်းမြို့နယ်များ၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ခြင်း ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်ခရိုင်အတွင်း မြို့နယ်များ၌ ပြည်သူများအား အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ခြင်းကို ဇွန် ၁၃ ရက်မှ ၂၃ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်အတွင်းမြို့နယ်များဖြစ်သည့် ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်းနှင့် ရွှေတောင်မြို့နယ်တို့ရှိ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ တရားရုံးနှင့်ဥပဒေရုံးများအပါအဝင် ဌာနဆိုင်ရာရုံးပေါင်းစုံနှင့် စည်ပင်သာယာမြို့မဈေးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများ၌ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးသူ၊ ဈေးသားများနှင့် ရပ်ကွက်/ကျေးရွာပြည်သူများအား အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်‌နည်းအကြောင်းကို အသိပညာပေးဆွေးနွေးပြီး သတ်မှတ်အမှိုက်ပုံးများဖြင့် စနစ်ကျသော အမှိုက်‌လေးမျိုးစွန့်ပစ်နည်းကို လက်တွေ့သရုပ်ပြပူးပေါင်းဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)