ရေဦးမြို့နယ်၌ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ရေဦး ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် ရေဦးမြို့နယ် အ‌ထွေဆထွအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်တရားသူကြီး ‌ဦးသောင်းထွန်းက မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်ပါ ပြစ်ဒဏ်နှင့်ပုဒ်မများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးအောင်ကိုလွင်က မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံနှင့် ကမ္ဘာ‌အနှံ့ပျံ့နှံရောက်ရှိလာခဲ့ပုံ၊ ယနေ့လူငယ်များကြားရေပန်းစားနေတဲ့ Happy Water ဆေးအ ကြောင်းနှင့် WY စိတ်ကြွဆေးပြားများကြောင့် ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာများ ထိခိုက်ခဲ့မှု ဖြစ်စဉ်များအပါအ၀င် မူးယစ်နှင့်ပတ်သက်၍ ရှာဖွေဖမ်းဆီးမှု ဆောင်ရွက်ပေးနေမှုများကို အသိပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့၀င်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၃၈ ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သန်းသန်း