လပွတ္တာ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများအား ပံ့ပိုးပစ္စည်းများပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းမောင်က အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ခြင်းဖြင့် ရရှိမည့်အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်က သင်ထောက်ကူပစ္စည်းများ ပေးအပ်ရခြင်း အကြောင်းနှင့် မွေးမြူရေးအတက်ပညာ ဘာသာရပ်တက်ရောက်ခြင်းဖြင့် ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ချီးမြှင့်ငွေ၊ ကျောင်းသုံးစာအုပ်များနှင့် သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)