ရွှေတောင် ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် ရွှေဟင်္သာကျေးရွာအုပ်စု၊ စကားမြားကျေးရွာကမ်းပါးပြိုကျ၍ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအား(ဆန်၊ ဆီ၊ ဆား၊ ပဲ)ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်မှ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြောင်းရွေ့အိမ်ထောင်စုများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော(ဆန်၊ ဆီ၊ ဆား၊ ပဲ)တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ရွှေဟင်္သာအုပ်စု၊ စကားမြားကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရွှေဟင်္သာအုပ်စု၊ စကားမြားကျေးရွာနေ ရပ်မိရပ်ဖနှင့်ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား(၈၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)