ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဇွန် ၂၇

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနှင့်သာ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံးနှင့်ပါ သက်ဆိုင်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ပါကြောင်း၊ နိုင်ငံတော်တစ်ဝှမ်းလုံးမှာ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသကဲ့သို့ ချင်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် လည်း ဗဟိုအဖွဲ့၏လမ်းညွှန်ချက်များနှင့်အညီ မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်း သည် ကုသခြင်းထက် ပို၍ကောင်းသည်ဟူသည့် စကားအတိုင်း လူငယ်များ၏ဘဝနှင့် လူသား အားလုံး၏ ဘဝပတ်ဝန်းကျင်တစ်ခုလုံးတွင် မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ဆိုးကြီး ဝင်ရောက် မလာနိုင်စေရေး ပြည်သူလူထုတစ်ရပ်လုံး ညီညွှတ်စွာ ပူးပေါင်းပါဝင်ပြီး ကာကွယ်တွန်းလှန် ဖြိုဖျက် ကြရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာထိခိုက်စေပြီး လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံ Drug Free Nation ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ချင်းပြည်နယ်ကိုလည်း မူးယစ်ဆေးဝါးကင်းစင်သည့် ဒေသ Drug Free Region ဖြစ်လာစေရေး ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာ အား ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ဖတ်ကြားသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှပေးပို့သည့် ဆောင်ရွက်ချက်မှတ်တမ်း Video Clip အားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား အားပေးစကားပြောကြားကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)