တောင်တွင်းကြီး ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက စာအုပ်/စာစောင် ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်/စာစောင်ပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်နှင့် ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ဒေသခံပြည်သူများ၊ ကျောင်းသား/သူ များအား မြို့နယ်ပြည်သူစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာအုပ်/စာစောင်များမှတစ်ဆင့် အသိပညာများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများ ကြွယ်ဝတိုးတက်လာစေရန်ရည်ရွယ်ပြီး ယခုလို စာအုပ်/စာစောင်ပြပွဲကို ကျင်းပပြုလုပ်ပးရခြင်းဖြစ်ကြောင်း၊ အခက်အခဲ အမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့် အလုပ်တာဝန်များဖြင့် မအားလပ်၍ မလာရောက်နိုင်သူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်ထံမှ သိရသည်။
စာအုပ်/စာစောင်ပြပွဲတွင် သုတ၊ ရသစာအုပ်များ၊ ရုပ်ပြစာစောင်များ၊ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ (၂၀) ဦးခန့် စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)