မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု (AI)အသုံးပြုနည်း‌   တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

မြစ်သား ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု(AI)အသုံးပြုနည်း‌   တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ ရွာလယ်ခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသွင်က  အဓိကသီးနှံများပန်းတိုင် အထွက်နှုန်းရရှိ‌ရန်အတွက် ဉာဏ်ရည်တု (AI) အသုံးပြုနည်း‌များကို‌ တောင်သူပညာ ပေးအသုံးပြုစိုက်ပျိုးသွားရန်ဖြစ်ပြီး ယမန်နှစ်ထက်တိုး မြှင့်စိုက်ပျိုးသွားမှာဖြစ်‌ကြောင်း၊ အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် ‌စပါး‌၊ မြေပဲ၊ နှမ်း‌၊ နေကြာ၊ ဝါ စိုက်ပျိုးမည့် တောင်သူများ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ မြေဆီဩဇာထက်သန်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက် များနှင့် ပန်းတိုင်အထွက်နှုန်းရရှိရန် (AI) နည်းပညာများအကြောင်းကို ပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများမှ မြေ၊ မျိုး၊ ပိုး တာဝန်ခံအရာရှိများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း၊ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သောဖျက်ပိုးများ၏ အလေ့အထနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ သီးနှံအထွက်တိုးနည်းပညာ များကိုအသီးသီးပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် မြစ်သားမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ယခုလို (Al)အသုံးပြုနည်း တောင်သူပညာပေးဆွေးနွေး ဆောင်ရွက်ခြင်းဖြင့်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အဓိကသီးနှံများ တစ်ဧကအထွက် နှုန်းတိုးတက်လာပြီး ပန်းတိုင်အထွက် နှုန်းပိုမို‌‌ကောင်းမွန်လာမည်ဖြစ်ကြောင်း  ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ထားနွယ်က ဉာဏ်ရည်တု Deep Seek (AI)နည်းပညာအသုံး ပြုနည်း‌များကို‌ ဒေသခံ‌တာင်သူများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး လက်တွေ့အသုံးပြုနိုင်ရန်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ (၉၁)ဦး တက်ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးအပြီးတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)