မြစ်ကြီးနား ဇူလိုင် ၂
ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/ မြို့နယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ရှေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေဝေနိုင်က ရှေ့လုပ်ငန်းစဉ်များနှင့် အညွှန်းကိန်းဇယားအား ဖတ်ကြားတင်ပြကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ခေါ်န်ထွယ်က ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၏ (၂၀၂၄) ခုနှစ်အတွင်း လှုပ်ရှားဆောင်ရွက်မှုများအား ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သုံးသပ်အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များနှင့် ရှေးလုပ်ငန်းစဉ်များကို သေချာစွာမှတ်သားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်ကြရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအထူးဂရုထားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ နာယက၊ နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြည်နယ်/ ခရိုင် /မြို့နယ်အဖွဲ့များ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံ ပြဘုတ်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)