ပေါက်ခေါင်းမြို့နယ်၌ အမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ ကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၂

ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အမှတ်(၅၃)ခြေလျင်တပ်ရင်း၌ ယမန် နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ကြပြီး  သတ်မှတ်နေရာများတွင် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ ခရေ၊ စိန်ပန်းသေး၊ စိန်ပန်းကြီး၊ ကုက္ကိုနှင့် ငုရွှေဝါ  ပျိုးပင် စုစုပေါင်း (၂၅၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။

မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုတိုးတက်ကောင်းမွန်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူ ပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)