ထားဝယ်မြို့၌ မူလတန်းအဆင့်ကျောင်းပြင်ပ ပညာရေးသင်ကြားမှု စတင်ဖွင့်လှစ်
Jul 03,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများကို ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက် မူလတန်းအဆင့် ကျောင်းပြင်ပပညာရေးသင်ကြားမှု အစီအစဉ်ကို အမှတ် (၁) အခြေခံ ပညာကျောင်း၌ ယနေ့ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။