ထားဝယ် ဇူလိုင် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများကို ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက် မူလတန်းအဆင့် ကျောင်းပြင်ပပညာရေးသင်ကြားမှု အစီအစဉ်ကို အမှတ် (၁) အခြေခံ ပညာကျောင်း၌ ယနေ့ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ယနေ့ စတင်ဖွင့်လှစ်မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ လိုက်လံနှုတ်ဆက်ပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
မူလတန်းအဆင့် ကျောင်းပြင်ပ ပညာရေးသင်ကြားမှုအစီအစဉ်၌ ယနေ့တွင်လာရောက် ပညာသင်ကြားသူ (၁၂၂၂)ဦး ကျော်ရှိပြီး ဆရာ၊ ဆရာမများက တစ်ပတ်လျှင် ၆ ရက် (တနင်္ဂနွေ မပါ) ညနေ ၃ နာရီမှ ၅ နာရီခွဲအထိ ရက်ပေါင်း ၂၂၀ ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)