စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ Modular House နှင့် ယာယီအဆောက်အဦများဖြင့် နေထိုင်လုပ်ကိုင်နေမှုများအား လိုက်လံကြည့်ရှု  

မုံရွာ ဇူလိူင် ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဇူလိူင်လ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီး စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအား ယာယီ Modular House များ ဖြင့်နေထိုင်နေမှုများ သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကြပြီး  လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဟာစည်းခုံကြီး သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရွှေစေတီဘာသန္တရသင် တန်းကျောင်းတိုက်ကြီး ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမအဆင့်မြှင့်တင်ခြင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ မြို့တော်ခန်းမ အဆင့်မြှင့်တင်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ကမ်းနားလမ်း ရွေ့လျားသွားသည့်နေရာတွင် ကျောက်စာတိုင်ဖြင့် Land Mark ဖော်ပြချက်ဆိုင်းဘုတ်စိုက်ထူမည့် နေရာသို့သွားရောက်ကြည့်ရှုခဲ့ကြပြီး မြစ်ကမ်းနားတစ်လျှောက် အမြဲသန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင်/မြို့နယ် လမ်းဦးစီးဌာနရုံး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာနှင့် မြို့နယ်တရားရုံး၊ ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်သစ်တောဦးစီးဌာန ရုံးများသွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများနှင့် ဝန်ထမ်းနေအိမ်များ ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြုပြင်နေမှုများနှင့် ဝန်ထမ်းများအား Modular House နှင့် ယာယီအဆောက်အဦများဖြင့် နေထိုင်လုပ်ကိုင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။        

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံ ပြန်လည်ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

တိုင်းဒေသကြီး(ပြန်/ဆက်)