သနပ်ပင် ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ဇူလိုင် ၁ ရက်နေ့နံနက် (၁၀) နာရီက သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးကျော်ဇေယျက ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် ကုက္ကိုကျေးရွာ၊ ညောင်ပင်စုကျေးရွာ၊ စဉ့်အိုးဖိုးကျေးရွာတို့ရှိ တောင်သူ (၂၆၈) ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် လယ်မြေဧက (၂၁၀၃) ဧကအတွက် စုစုပေါင်းငွေကျပ် (၃၁၅၄၅၀၀၀၀) သုံးထောင့်တစ်ရာ ငါးဆယ်လေးသိန်းငါးသောင်းကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)