သတင်းများ

တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မေလအတွက် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး
May 21,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိ
May 21,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိရိုးဖလာနှီးဝါးလုပ်ငန်းလုပ်ကိုင်ကြသူများသည် ဝါးထရံ၊ ဝါးဖျာ၊ ဝါးခမောက်၊ ဝါးကုလားထိုင်၊ ဝါးခြင်းတောင်းအမျိုးမျိုးတို့ကို တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးဆွေးနွေးပွဲကျင်းပ
May 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက်သာယာကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူး၊ ဆယ်ရပ်ကွက်နေပြည်သူများနှင့်တောင်သူများ တက်ရောက်ကြကြောင်းသိရသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
May 21,2025
 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ ပင်စင်လစာငွေများ မြန်မာ့စီးပွားရေးဘဏ်တွင်ထုတ်ပေး
May 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းကစတင်၍ ပင်စင်လစာငွေများအား ပင်စင်အမျိုးအစားအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်
May 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့ ၇ နာရီခွဲက ကန့်ဘလူမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ကချင်ပြည်နယ်အတွင်း ဆောင်းသီးနှံများဖြစ်သော ဆီထွက်သီးနှံနှင့် ပဲအမျိုးမျိုး ဧက (၁) သိန်းကျော် ရိတ်သိမ်းပြီးစီး
May 21,2025
၂၀၂၄- ၂၀၂၅ ခုနှစ် ကချင်ပြည်နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲအမျိုးမျိုးစုစုပေါင်း (၁၄၆၄၇၃) ဧက စိုက်ပျိုးနိုင်ခဲ့ရာ ဧပြီလကုန်အထိ ဧက (၁)သိန်းကျော် ရိတ်သိမ်းပြီးစီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်
May 21,2025
ဧရာဝတီတိုင်း‌ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးကြီးမှူး၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။