ပေါက်ခေါင်းမြို့နယ်၊ ဓမ္မသော်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့နံနက်ပိုင်းက အ.ထ.က(ဓမ္မသော်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူးက အ.ထ.က(ဓမ္မသော်) အခြေစိုက်စခန်းကြီးကြပ်ရေးကောင်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပေါက်ခေါင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး(NFPE)ကို တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား အ.ထ.က(စမ္မသော်)ကျောင်း ကျောင်းအုပ်ဆရာမကြီးအား  စာရေးကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ဓမ္မသော်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး(NFPE)ကို တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)