သတင်းများ

ငါးသိုင်းချောင်းမြို့တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ခြင်း အခမ်းအနားကျင်းပ
Apr 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ခုနှစ်၊ မိုးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မြေဆီလွှာ ရေရှည်တည်တံ့ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်း ကြဲပက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မအူကုန်းကျေးရွာ၊ ကွင်းအမှတ် 903၊ ဦးပိုင် 19/1 ၊ တောင်သူဦးကုသိုလ်၏ လယ်မြေ (၄) ဧက၌ ဆောင်ရွက်ခဲ့ကြသည်။
ကိုကိုးကျွန်းမြို့နယ်တွင် လေကြောင်းလူငယ် အခြေခံသင်တန်း အပတ်စဥ် (၁/၂၀၂၅) ဖွင့်လှစ်
Apr 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ လေတပ်စခန်းတွင် အခြေခံလေကြောင်းလူငယ်သင်တန်း အပတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်
Apr 24,2025
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဇေယျာသီရိမြို့နယ်အတွင်း ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ တက်ရောက်အားပေးစကားပြောကြားခဲ့သည်။
မုံရွာခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 24,2025
မုံရွာခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ငလျင်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် နွေစပါးစိုက်ခင်းများ ရေရရှိရေးကြည့်ရှုစစ်ဆေး
Apr 24,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေး‌မြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများနှင့် နွေစပါးစိုက်ခင်းများ ရေရရှိရေး ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့ရာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများ ကျားသေအိုင်ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆန်၊ ဆီ၊ လှုဖွယ်ပစ္စည်းမျိုးစုံနှင့် ဝတ္ထုငွေဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကျောင်းဝင်းအတွင်း ဘုရားစေတီနှင့် သိမ်ကျောင်း၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်းဓမ္မာရုံတွင် MAX CEMENT တံဆိပ် ဘီလပ်မြေအိတ်များ သတ်မှတ်ဈေးနှုန်းရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ဧပြီလအတွက် ပင်စင်လစာငွေများ စတင်ထုတ်ပေး
Apr 24,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဧပြီလအတွက် အငြိမ်းစား ပင်စင်လစာငွေများကို (၂၂-၄-၂၀၂၅) ရက်နေ့ နံနက်ပိုင်း   (၀၅:၁၅)နာရီအချိန်က စတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Apr 24,2025
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် အလှူငွေများ လက်ခံရယူခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မိတ္ထီလာတောင်ကန် ပြုပြင်ဆောင်ရွက်နေမှု၊ ရမည်းသင်းခရိုင်အတွင်း ပျက်စီး ဆုံးရှုံးမှုများနှင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု
Apr 24,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ(၂၂)နေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိတ္ထီလာတောင်ကန် ပြန်လည်ပြုပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအ‌ခြေအနေ၊ ရမည်းသင်းခရိုင်အတွင်း ထိခိုက်ပျက်စီးခဲ့မှုနှင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုပြီး ငလျင်ဘေးဒဏ်သင့်ခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်စသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။