မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့များနှင့် မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြေပွဲကျင်းပ

ပြင်ဦးလွင်  ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍  မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့များနှင့်   မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို  ဇူလိုင်(၁)ရက်နေ့ နံနက် ၁၀ နာရီကအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဒေါ်ဝါဝါလွင်က မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခဲ့ပြီး  သနပ်ခါးလိမ်းခြယ်သရုပ်ပြခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)