ငါးသိုင်းချောင်းမြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ငါးသိုင်းချောင်း ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံအိမ်ထောင်စုများအား ဆန်၊ ဆီနှင့် ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့နံနက် ၈ နာရီတွင် မြို့မစျေး၌ ရောင်းချပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် အများပြည်သူ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးကော်မတီမှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည်(၂၀၀၀)ကျပ်၊ ဆီတစ်ပိသာ(၇၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် လိုအပ်သလို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန် /ဆက်)