သတင်းများ

အောင်လံမြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဇူလိုင်(၁၃)ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သရက်တော၊ စက်ရုံ၊ စမ်းချောင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျိုက်လတ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင် (၁၄) ရက်၊ နေ့လယ်ပိုင်းက တဲ့တဲ့ကူးကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၈ ကျောင်း ယာယီပိတ်ထား
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်းများ၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဇူလိုင်လ ၁၁ ရက်မှစ၍ လက်ရှိအချိန်အထိ ကျောင်း(၈)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။
အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ခရမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ခရမ်းမြို့၊ အ.ထ.က(၁)၊ စိန်ရတုအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဒလမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jul 15,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။