သတင်းများ

ကဝမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်များဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုး
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသည့် လက်ဆွဲကောက်စိုက်စက်များဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မကျက်ကြီးကျေးရွာ တောင်သူ ဦးတင်မောင်၏ လယ်ယာမြေ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/စာရင်းကောက်များ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/စာရင်းကောက်များ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စည်ပင်သာယာရေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(သဲဖြူ)၌ ပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 15,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ‌ ဟောပြောဆွေး‌နွေးပွဲ ကျင်းပ
Jul 15,2024
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့‌နံနက် (၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်မိုးလှိုင်လှိုင်ထွန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ပြင်ဦးလွင်မြို့နယ်၊ မြေတိုင်းကျောင်းခန်းမတွင် ကျင်းပသည်။
ဝေါမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံ စာစောင်များပြသပွဲကျင်းပ
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည်စုံ ကြွယ်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံ စာစောင်ပြပွဲကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ကပင်) တွင် ကျင်းပခဲ့​သည်။
ကျွန်းလှမြို့၌ နေအိမ်ခြံဝင်းများအတွင်း ကီလိုမာလကာစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Jul 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြေအောက်ရေတင်ပြီး နေအိမ်ခြံဝင်းများအတွင်း သီးနှံမျိုးစုံစိုက်ပျိုးကြရာ ကီလိုမာလကာစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်းနှင့် ဥပဒေအရ တားမြစ်အရေးယူခံရနိုင်သည့်ကိစ္စရပ်များ အသိပညာပေးဟောပြော
Jul 15,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့နံနက် (၁၀) နာရီအချိန်က ချောင်းဆုံအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။