မန္တလေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 16,2024
အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ အတွေးအခေါ်မှန်ကန်ရေး၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်စေရန်ရည်ရွယ်ကာ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေးပညာရေးဒီဂရီ ကောလိပ်တို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ပညာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။