အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

အောင်မြေသာစံ ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅)၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)၏ ဌာနမှူး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်အောင်ဆွေက အခွန်ထမ်းကုမ္ပဏီလုပ်ငန်းရှင်များသိသင့်သိထိုက်သည့် အခွန်ဆိုင်ရာအကြောင်းအရာများကို ပညာပေးရှင်းလင်းဆွေးနွေးခဲ့ရာ အခွန်ထမ်းကုမ္ပဏီ လုပ်ငန်းရှင်များ စုစုပေါင်း(၁၄၁ )ဦးတက်ရောက်ကြပြီး အခွန်ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)