သတင်းများ

ငါန်းဇွန်မြို့၌ အသိပညာပေးဟောပြောပွဲနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များခင်းကျင်းပြသခြင်းဆောင်ရွက်
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျောင်းသားကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်၌ သင်ကြားသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jul 16,2024
၈-၇-၂၀၂၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ သင်ကြားသင်ယူမှု၊ ဘာသာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ Assessment,  Research and Innovation,  Teaching and Learning, Access Education, Distance Education ခေါင်းစဉ်(၅)ခုဖြင့်  ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရတနာပုံတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် အသီးသီးမှ ပါမောက္ခ(ဌာနမှူ)များ တက်ရောက်ကြသည်။
မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရေအရင်းအမြစ်မျိုးစုံမှ ရေများရယူ၍ သန့်စင်ပြီးရေများကို မြို့နေပြည်သူလူထုထံ သောက်သုံးရေဖြန့်ဖြူးပေးနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Jul 16,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးရာဝန်ကြီးဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီးမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှတာဝန်ယူ၍ရေအရင်း အမြစ်မျိုးစုံမှရေများရယူကာ သန့်စင်ပြီးရေများကို ရေသိုလှောင်ကန်သို့ ပို့ဆောင်ပြီး ရေတွန်းစက်ရုံရှိ ရေတွန်းစက်များဖြင့် ရေဖြန့်ဖြူးရေးကွန်ယက်အတွင်းသို့ တွန်းလွှတ်ကာ စည်ပင်မှ ရေယူထားသောရေသွယ်များမှတဆင့် ရေအသုံးပြုသူများထံ နေ့စဉ်ရေဖြန့်ဖြူးပေးဝေနေသည့် ရေတွန်းစက်ရုံများသို့ ယမန်နေ့မွန်းလွဲပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့
Jul 16,2024
​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် သာယာမိုးရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆင်ပေါင်ဝဲမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)သို့ တက်ရောက်
Jul 16,2024
မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယမန်နေ့ နံနက်ပိုင်းကမန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲ ကျင်းပ
Jul 16,2024
ချမ်းအေးသာစံမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်မှုဖြင့်(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးစီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်း (ပထမအကြိမ်)သင်တန်းဖွင့်လှစ်
Jul 16,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် ကသာခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား ၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသည့် ဦးတည်ချက်ကို များစွာအထောက်အကူဖြစ်စေသည့် စက်ချုပ်နည်းပညာ (ပထမအကြိမ်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကသာခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန၊ ယာယီသင်တန်းခန်းမ၌ ကျင်းပသည်။