သတင်းများ

ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေး
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 16,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများ ကျင်းပခဲ့သည်။
မြဝတီခရိုင်၌ (၇၇)နှစ်မြောက်  အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီ၊  ပိုစတာ၊ ကာတွန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 16,2024
ဇူလိုင်(၁၉)ရက်နေ့တွင်  ကျရောက်မည့်  (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်၉နာရီက ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံးတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန၌  ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင် မိုင်းဖြတ်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးလုပ်ငန်းများ ကြည့်ရှု၍ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Jul 16,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်ရှိ ပညာ​ရေး၊ ကျန်းမာ​ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့​ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အိမ်သုံးဆေးဝါးများရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 16,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အိမ်သုံးဆေးဝါးများရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ ယင်းသို့စစ်ဆေးရာတွင် အဖျားပျောက်ဆေး၊ နှာ‌စေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓါတ်ဆား၊ လိမ်းဆေးအမျိုးမျိုးတို့အား ရောင်းချရာတွင် ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အမျိုးသမီးများဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု (Bakery & Snack)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Jul 16,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု (Bakery & Snack)အခြေခံနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်သည်။
ပြင်ဦးလွင်မြို့ရှိ  မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 16,2024
ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်ပြည့်ဘုရားကြီး၏ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘုရားကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Jul 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အလေးထားတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်ရည်ရွယ်၍ “(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ  ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။