သတင်းများ

သရက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၅) ကျောင်း ယာယီပိတ်ထား
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံစာသင်ကျောင်း (၅) ကျောင်း ရေဝင်ရောက်ရှိ၍ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းစေရန်အတွက် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Jul 16,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေကျဆင်းမှုကြောင့် မြို့ပေါ်ရပ်ကွက် ကားလမ်း၊ စျေး၊ ကျေးရွာ စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 16,2024
ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌၊ ချင်းတွင်းမြစ်ရေကျဆင်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းတွင် သန့်ရှင်သာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းဘူးမြို့တွင် မိန်းကလေး (၃) မွှာပူးမွေးသည့် မိခင်အား ထောက်ပံ့ကြေး ပေးအပ်
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကလေး (၃) မွှာပူးမွေးသူ မိခင်အား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့ ကြက်မင်းတွန် ရပ်ကွက်၌ အိမ်ခြေ(၁၃၅၉)အိမ် အကျိုးပြုမည့် ရတနာရွှေစင်လင်းလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေး
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြသန့်ရှင်းသားယာ လှပရေးနှင့် ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကြက်မင်းတွန်ရပ်ကွက်၌ အိမ်ခြေ(၁၃၅၉)အိမ်အကျိုးပြုမည့် ရတနာရွှေစင်လင်းလမ်းအားကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘုတ်ပြင်းမြို့၌ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jul 16,2024
နင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲတော-ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။