တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ

တောင်ငူ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက်လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်ဆွေဆွေမိုးက စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ Grade-10 (A) မှ မဆုယဉ်မွန်က “လူငယ်နှင့်ကျန်းမာရေး”၊ Grade-10 (B) မှ မောင်ဝေယံအောင်က “လူငယ်နှင့်စာရိတ္တ”၊  Grade-11(C) မှ မမြတ်နဒီစိုးက “လူငယ်နှင့်စာဖတ်ခြင်း”၊ Grade-10 (B) မှ မအင်ကြင်းစံက “လူငယ်နှင့်မူးယစ်ဆေး”စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။

ထို့နောက်လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဉာဏ်လင်းအောင်၊ ခရိုင်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)