ကျိုက်ထို ဇူလိုင် ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အိမ်သုံးဆေးဝါးများရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ ယင်းသို့စစ်ဆေးရာတွင် အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓါတ်ဆား၊ လိမ်းဆေးအမျိုးမျိုးတို့အား ရောင်းချရာတွင် ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)