ပြင်ဦးလွင်မြို့ရှိ  မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၆  

ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်ပြည့်ဘုရားကြီး၏ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘုရားကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့လယ်ရွှေစည်းခုံကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ မဂ္ဂမဟာဂန္ဓာဝါစကပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်အရှင်သူမြတ်များထံမှ  မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူခြင်း၊  တာဝန်ရှိသူများနှင့် အလှူရှင်များမှ  မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးအား ဆက်ကပ်လှုဒါန်းပူဇော်မည့် ဝါဆိုသင်္ကန်းတော်ကြီးအား ဩဝါဒါစရိယ စတုဘုမ္မိကကျောင်းတိုက်ဆရာတော် အရှင်သူမြတ်ထံသို့ ဆက်ကပ်လှူဒါန်းခြင်း၊ ဩဝါဒါစရိယ ဆရာတော် အရှင်သူမြတ်တို့အား  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ  အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ဆငက်

ဆက်လက်ပြီး  ရတနာမာရ်အောင် ကျောင်းတိုက်ဆရာတော်  အရှင်သူမြတ်ထံမှ  ဝါဆိုသင်္ကန်း လှူဒါန်းရခြင်း အကျိုးတရားနှင့်ပတ်သက် ၍ ရေစက်ချအနုမောဒနာ တရားနာယူခြင်း၊ ဆရာတော် အရှင်သူ မြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ထပ်မံရှိခိုးကန်တော့၍ အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ပြီးစီးခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအား မဟာဇေယျသိဒ္ဓိသာသနာ့ဗိမာန်တော်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)