လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

လိပ်သို ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အလေးထားတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်ရည်ရွယ်၍ “(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ  ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အာဇာနည်ခေါင်းဆောင်ကြီး(၉)ဉီးအကြောင်းနှင့် ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၅)ဦးတို့က ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/ကျောင်းသူများအား မြို့ဦးစီးမှူးက ပုံဆွဲ ဗလာ စာအုပ်များ၊ ခဲတံများကို အမှတ်တရ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)