ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင် မိုင်းဖြတ်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးလုပ်ငန်းများ ကြည့်ရှု၍ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မိုင်းဖြတ် ဇူလိုင် ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်ရှိ ပညာ​ရေး၊ ကျန်းမာ​ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က(ဟိုနား)မှ  ပညာ​ရေးဝန်ထမ်းများနှင့်​တွေ့ဆုံ၍ ​ကျောင်းအခြေအ​နေများကို ကြည့်ရှုစစ်​ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ယင်း​​နောက် ဝန်ကြီးသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းရှိ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နန္ဒောဘာသအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ​တွေ့ဆုံပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်က လျှပ်စစ်မီးနှင့် သောက်သုံး​ရေရှိ​ရေး လိုအပ်ချက်များကိုလည်း​ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးထွန်း​ရွှေက ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ​ဒေသခံကုမ္ပဏီများကို ဦးစား​ပေး ​ဆောင်ရွက်စေလိုသည့်အချက်များကိုလည်း​ကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦး​ကျော်နိုင်က မြို့​ရေ​ပေး​ဝေး​ရေးအ​ခြေအ​နေများနှင့် တိုးချဲ့ဆောင်ရွက်မည့် ​ရေ​ပေး​ဝေး​ရေးလုပ်ငန်းအတွက် ကုန်ကျမည့် ရန်ပုံ​ငွေအ​ခြေအ​နေများကိုလည်း​ကောင်း တင်ပြခဲ့သည်။ ယင်း​နောက် လူမှုရေးဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ​​ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)