သတင်းများ

နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေး
Jul 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခြင်းကို ဇူလိုင်(၁၁)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက် မြေအနိမ့်ပိုင်းနေ ရေဘေးသင့်အိမ်ထောင်စု (၁၄၁)စု၊ ကျား(၂၃၇)၊ မ(၂၉၆)ဦး၊ ပေါင်း(၅၃၃)ဦးတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဥ်ဖြင့် ဟုမ္မလင်းမြို့၊ နောင်ပကျစ် ရပ်ကွက်တောင်ပေါ် ၊ သာသနာ့မဏ္ဏိုင်ဘုန်းတော်ကြီး (အေးသုခဇရပ်) အ.ထ.က(၁) ကျောင်း၊ ဘုရားငါးဆူးဘုန်းကြီးကျောင်းတို့တွင် ရွှေ့ပြောင်းခြင်းများ ပြုလုပ်ပေးခဲ့သည်။
သံတောင်ကြီးမြို့တွင် နာနတ်သီးများအထွက်နှုန်းကောင်းပြီး ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေ
Jul 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့် အားလျော်စွာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြပြီး နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်ဖြင့် နှစ်တိုသီးနှံဖြစ်သည့် နာနတ်သီးများကိုစိုက်ပျိုးလျက်သည်။ ယခုဇူလိုင်လဒုတိယပတ်မှစပြီး နာနတ်သီးများ ရင့်မှည့်ကာအထွက်နှုန်းကောင်းပြီး ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်၌ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် လုပ်ငန်း (၄) ခု အကောင်အထည်ဖော်ဆောင်ရွက်
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသတွင်း အသေးစား ကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းဖြင့် မင်းဘူးခရိုင်အတွင်း၌ လုပ်ငန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျောက်တလုံးကြီးမြို့၌ “အာဇာနည်နေ့ ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင် ပြသ
Jul 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသားလူငယ်များနှင့် ပြည်သူများ အာဇာနည်နေ့သမိုင်း‌အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် “အာဇာနည်နေ့ဒို့မမေ့” အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့ ညနေ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 16,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်
Jul 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများပြုလုပ်
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင် ၊ အင်္ဂပူမြို့နယ်၊ မြို့မ‌ဈေးနှင့် သက္ကယ်ပြင်(သံ) ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ) ကျေးရွာဈေးတို့တွင် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အင်္ဂပူမြို့နယ်ရုံးမှ တာဝန်ရှိသူများ ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိ‌ ပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့သည်။