ဝမ်းတွင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

ဝမ်းတွင်း ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က လူးခင်းကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းနှင့် အင်းကန်းကုန်းကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားကတ် ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်း ဆောင်ရွက်ရေးအဖွဲ့များမှဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း-ခွဲ (ပျားစွဲ)သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၇)ဦးနှင့် အလားတူ အင်းကန်းကုန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၃၁)ဦးတို့အား အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းထံမှ သိရသည်။

ကိုရဲ(ဝမ်းတွင်း)