ဆင်ပေါင်ဝဲ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နှင့် သာယာမိုးရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆင်ပေါင်ဝဲမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့ အမှတ် (၁) ရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၁၁) ဦး၊ အမှတ် (၂) ရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၄၂)ဦး၊ သာယာမိုးရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၄၀)ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်များ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)