ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေကျဆင်းမှုကြောင့် မြို့ပေါ်ရပ်ကွက် ကားလမ်း၊ စျေး၊ ကျေးရွာ စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဟုမ္မလင်း ဇူလိုင် ၁၆

ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌၊ ချင်းတွင်းမြစ်ရေကျဆင်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းတွင် သန့်ရှင်သာယာလှပရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ချင်းတွင်မြစ်ရေကျဆင်းမှုကြောင့် ဟုမ္မလင်း အ.မ.က(၁) ကျောင်းဝင်းတွင် ရေစုပ်ထုတ်ခြင်းဆောင်ရွက်ခြင်း၊ ရေတွင်း၊ ရေကန်နှင့် လှောင်ကန်များကို ကလိုရင်းဆေးခတ်ခြင်းအမှိုက်နှင့် ရေဆိုးရေညစ်များ၊ နုန်းနှင့်ရွှံ့မြေများ သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့နေမှုကို ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ​​​​မြတ်မင်းသန့်၊ ဒုတိခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲလိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အလာတူ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာတွင် ဇူလိုင် (၁၃)ရက်နေ့တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆပ်ကော်မတီဝင်များက ကက်သာကျေးရွာရှိ အဓိကလမ်းမကြီးများ၊ စျေး၊ စာသင်ကျောင်းဖြစ်သော အ.ထ.က(ကက်သာ) ကျောင်းဝင်းတွင် သစ်ပင်များ၊ ခုတ်ထွင်ရှင်းခြင်း၊ အမှိုက်နှင့်ရေဆိုးရေညစ်များ၊ နုံးနှင့်ရွှံ့မြေစသည့်ဖြင့်​သန့်ရှင်းသာယာလှရေးဆောင်ရွက်ကြသည်။
ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေကျဆင်းမှုကြောင့်၊ ဟုမ္မလင်း​ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှကြီးမှူး၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ အစီအစဥ်ဖြင့် အခြေခံကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေးနှင့် ဟုမ္မလင်းရပ်ကွက်ရှိ အများပြည်သူနှင့်သက်ဆိုင်သော အဓိကလမ်းမကြီးများ မြို့မစျေး၊ အားကစားရုံ၊ အားကစားကွင်း သောက်သုံးရေရယူသည့် ဘုရားကုန်းဆင်းပတ်ဝန်းကျင်၊ ကားဂိတ်၊ ရေဆိပ်များ၊ ဘုန်းကြီးကျောင်းများ၊ အဓိကျသော ရေနုတ်​​မြောင်းများ၊ အမိုက်နှင့်ရေဆိုး ရေညစ်များ၊ နုန်းနှင့်ရွှံ့များ၊ လူနှင့်ပတ်ဝန်းကျင်ကို ဘေးဒုက္ခဖြစ်သောအရာများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်နိုင်ရေးအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)