ဝမ်းတွင်းမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရေး လူငယ်စကားဝိုင်းကျင်းပ

ဝမ်းတွင်း ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲတော-ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝေဟန်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်လာစေရန်၊ စကားပြော အတက်ပညာများကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာစကားြောဆိုတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာဗဟုသုများ ဖလှယ်နိုင်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊ စကားဝိုင်များ ပြုလုပ်ပေးခြင့်ဖြင့် အလေ့ကျင့်ကောင်းများရရှိလာစေရန်စသည့် ကောင်းမွန်သောရည်ရွယ်ချက်များဖြင့် ယခုလိုလူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ Grade-8 မှ မအိအိဖြူက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ နေခြည်လင်းက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 စုမင်းထက်က လူငယ်နှင့် အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 မှ ဖြိုးသဉ္ဇာဦးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ ဟိန်းသဇင်က လူငယ်နှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကာ ကျောင်းသား/သူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းမှ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပပေးခြင့်ဖြင့် အနာဂတ် မြန်မာနိုင်ငံရဲ့တာဝန်ကိုပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် လူငယ်လူရွယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်ချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြက်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှု၊ အတွေးခေါ်မှန်ကန် စေမှုများကို ရရှိစေမည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝေဟန်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)