ကျောက်ဆည်မြို့ ကြက်မင်းတွန် ရပ်ကွက်၌ အိမ်ခြေ(၁၃၅၉)အိမ် အကျိုးပြုမည့် ရတနာရွှေစင်လင်းလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေး

ကျောက်ဆည် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြသန့်ရှင်းသားယာ လှပရေးနှင့် ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကြက်မင်းတွန်ရပ်ကွက်၌ အိမ်ခြေ(၁၃၅၉)အိမ်အကျိုးပြုမည့် ရတနာရွှေစင်လင်းလမ်းအားကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၁၆.၇၃၁)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ လမ်းအရှည်(၄၅၀)ပေအား အကျယ် (၁၂)ပေ၊ ထု(၉)လက်မရှိ ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခဲ့ကြောင်းနှင့် အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းဖြင့် ကြက်မင်းတွန်ရပ်ကွက်အတွင်းမှ အိမ်ခြေ(၁၃၅၉)အိမ်၊ အိမ်ထောင်စု (၁၅၃၅)စု လူဦးရေ (၅၈၈၄)ဦးတို့အပြင် အခြားရပ်ကွက်/ကျေးရွာမှ ပြည်သူများသွားလာရာတွင် လွယ်ကူလျှင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့တွင်းလမ်းများအား ကတ္တာထပ်ပိုးလွာခင်းပေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေများဖြန့်ဝေခြင်း၊ အရိပ်ရနှစ်ရှည်အပင်များနှင့် ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်