Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မြင့်တက်မှုကြောင့် စာသင်ကျောင်း (၃၄) ကျောင်း ယာယီထပ်မံပိတ်ထားရ
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၃၄) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ထပ်မံယာယီပိတ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်၌ ပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာ တက္ကသိုလ်များ၌ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် တော်ဝင်မော်တော်ယာဉ်လိုင်း (၄)လိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိ
Jul 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရေး၊ ဘုရားဖူးပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာတက္ကသိုလ်များ၌ ပညာသင်ကြားရာတွင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် EV Bus များဖြင့် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါယာဉ်များ မရောက်ရှိသေးချိန်ကာလအတွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်၊ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ Yutong CB ယာဉ် (၆)စီးဖြင့် မြို့တွင်းလိုင်း (၄)လိုင်းကို ဇူလိုင် ၃ ရက်နေ့မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၊ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Jul 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ရေသန့်စက်ရုံများနှင့် အခြေခံပညာကျောင်းများအား တိုင်းဒေသကြီးဝန်ကြီး ကြည့်ရှုစစ်ဆေး
Jul 16,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်င်ရေးအတွက် ရေသန့်စက်ရုံများနှင့် အခြေခံပညာကျောင်းများအား ယနေ့နံနက် (၈) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း လာရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ (၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ (၈၃၁) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံဧက (၉၁၄) ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ (၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ
Jul 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်တွင် (၇၇)နှစ်မြောက် ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ် သီကုံးပြိုင်ပွဲ ကျင်းပ
Jul 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲကို ယနေ့နံနက်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7897
Page
7898
Page
7899
Page
7900
Current page
7901
Page
7902
Page
7903
Page
7904
Page
7905
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department