သတင်းများ

သုံးခွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ခရမ်းမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲဆောင်ရွက်
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်ကခရမ်းမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ဗန်းမော်မြို့တွင်  GENDER, CEDAW, NSPAW UNSCR -1325 အသိပညာပေး သင်တန်းဖွင့်လှစ်
Jul 18,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းရုံးခန်းမတွင် GENDER, CEDAW, NSPAW UNSCR -1325 အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Jul 18,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
မိုးညိုမြို့နယ်၌ ရေဘေးနှင့်ကမ်းပြိုဘေးသင့်ပြည်သူများအားသွား‌ရောက်ထောက်ပံ့
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူနှင့် ကမ်းပြိုဘေးသင့်ပြည်သူများ ခေတ္တနေထိုင်သည့် ကယ်ဆယ်ရေးစခန်းသို့ ယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း
Jul 18,2024
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်/နှစ်တို ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခင်နှစ်များတွင် နနွင်းများ ဈေးကောင်းရရှိခြင်းကြောင့် နနွင်းများကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာပြီး ယခုအချိန်တွင်နနွင်းပင်များ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်
Jul 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံး လျော့ပါးပျောက်ပျက်မှုမရှိရေးနှင့် အချိန်မီ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကြိုတင်စုဖွဲ့လေ့ကျင့်ပြင်ဆင်ထားရှိကြသည်။
ကရသူရိမြို့၌ (၇၇)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်/စာစောင်များပြသ
Jul 18,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်‌မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်/စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။