သတင်းများ

ဇလွန်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြ​ပွဲကျင်းပ
Jul 18,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 18,2024
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အင်ပင်လှတွင် မိုးရာသီသစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 18,2024
ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ အင်ပင်လှတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိန်ကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ မငေးအလယ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကွန်ကရစ်လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၂)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၂)ပညာရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော နိုင်ငံ့ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
Jul 18,2024
နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် နိုင်ငံ့ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီများ၊ အောင်ပွဲရအားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းများ ထုတ်ပေး
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံး၀င်မှတ်ပုံတင်ထားသော အဏ္ဏဝါလွှမ်းကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမားနှင့် Xi Qi Mould Co.,Ltdမှ အာမခံအလုပ်သမားတို့အား လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုတို့အတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ကျင်းပသည်။
ပဲခူးမြို့၌ (၇၇) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ​ဟော​ပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများကျင်းပ
Jul 18,2024
ပဲခူးမြို့တွင် (၇၇) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကို ယနေ့နံနက် (၁၀) နာရီက ပဲခူးခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့​သည်။