ခေတ္တရေဘေးရှောင် ပြည်သူများအား စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေး
Jul 18,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမြင့်မူကြောင့် ယင်းတိုက်ကုန်းကျေးရွာအုပ်စု ရွာသာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ခေတ္တရေဘေးရှောင် စခန်းမှ ရေဘေးရှောင် ပြည်သူများအား စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။