သာပေါင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံး လျော့ပါးပျောက်ပျက်မှုမရှိရေးနှင့် အချိန်မီ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကြိုတင်စုဖွဲ့လေ့ကျင့်ပြင်ဆင်ထားရှိကြသည်။
ထိုသို့မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ကြည့်ရှုစစ်ဆေး အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်သူလွင် ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်များဖြင့် ကြိုတင် ပြင်ဆင်ဖွဲ့စည်းထားရှိကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)