ခရမ်းမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲဆောင်ရွက်

ခရမ်း ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်ကခရမ်းမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

 ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်ယဉ်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုအခြေအနေများ၊ ရောဂါပိုးကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်လှမြတ်ထက်က ရာသီတုပ်ကွေး‌ရောဂါကူးစပ်ပုံနှင့်ကာကွယ်ရန်နည်းလမ်းများအား ရှင်းလင်း‌ဟောပြောပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 ခရမ်းပြန်/ဆက်