သတင်းများ

အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 18,2024
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့်ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jul 18,2024
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သင်တောရိုးအုပ်စု၊ သင်တောရိုးကျေးရွာ၊ သာသနာ့ဗိမ္မာန်ကျောင်းတိုက်တွင် သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှကြီးမှူးဖွင့််လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းသို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။ 
ဝေါမြို့နယ်၌ တောင်သူ၊ လယ်သမားများအား Kubota ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးပွဲကျင်းပ
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၀) စက်မှုလယ်ယာစခန်းမှ တောင်သူလယ်သမားများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ Kubota ကောက်စိုက်စက်ဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြ စိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်လှကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမဘေး ကွင်းအမှတ် ၆၈၇ (ခ) တောင်သူ ဒေါ်ရီစိန်၏လယ်မြေတွင် ကျင်းပခဲ့ကြောင်း သည်။
ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးနိုင်ရေး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးကွင်းသရုပ်ပြ
Jul 18,2024
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် လျာထားချက်ပြည့်မီရေးအတွက် စိုက်ပျိုးနည်းစနစ်မျိုးစုံဖြင့် စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ မိုးစပါးစိုက်ခင်းတွင်လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဒေသအတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေမြင့်မားလာစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းကူညီမှုဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းကို ဇူလိုင် ၈ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)အစည်းအဝေးခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပသည်။
တာမွေမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jul 18,2024
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 18,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဧည့်လမ်းညွှန်/ဧည့်လမ်းပြမွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားကို ပုဂံမြို့၊ မြင်းကပါကျေးရွာ မနုဟာဘုရား၊ ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန် ကကျင်းပခဲ့သည်။