သတင်းများ

ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း အ.ထ.က(ကရင်ချောင်း)၌ ကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျွန်းဘက်ကရင်ချောင်းကျေးရွာအုပ်စု၊ ကရင်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကရင်ချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jul 18,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အ.ထ.က (မြို့မ) ကျောင်း စိန်ပန်းခန်းမတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြည်သာယာလှပစေရေး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 18,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီ ခွဲအချိန်က ညောင်ဦး-ကျောက်ပန်းတောင်း သွားကားလမ်းဘေး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးဝင်းအတွင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကျင်းပ
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရရှိသူများနှင့် သင်ကြားပြသပေးသော ဆရာ/ဆရာမ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရရှိသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ ဘော်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 18,2024
မြန်မာနိုင်ငံ၏နေ့ ထူးနေ့မြတ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်‌စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centrre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jul 18,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား/သူများက “မြန်မာပြည်မှာ စာပဒေသာဝေဆာစေ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။