ဗန်းမော် ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းရုံးခန်းမတွင် GENDER, CEDAW, NSPAW UNSCR -1325 အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို ဗန်းမော်ခရိုင်လူမှုဝန်းထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေနိုင်က “ကျား/မ အခြေပြု အကြမ်းဖက်မှုမဖြစ်ပွားစေရေး (GENDER)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားပပျောက်မှုမရှိစေရန် (CEDAW)၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းပါ နယ်ပယ်(၁၂) ရပ်အားသိရှိစေရန်” ရည်ရွယ်၍ အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့အစည်းများအား အသိပညာပေးရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ရှိုးသီဟ (ပြန်/ဆက်)