သုံးခွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

သုံးခွ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပထမဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက်  မြို့မရေလည်ကျောင်းဦးစီးပဓာန နာယက ​ဒေါက်တာနန္ဒါလင်္ကာရကထံမှ တက်ရောက်လာသူများမှ သီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားနားကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များက ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ဝတ္ထုများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူလင်း