ရွှေတောင် ဇူလိုင် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် ၊ရွှေဂူကြီးဘုရား ဓမ္မာရုံတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွေ့နေထိုင်သည့် အိမ်ထောင်စုများရှိ လူဦးရေတို့အား ပြည်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ များကို ယမန်နေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇူလိုင်(၁၆) ရက်နေ့မှ (၁၇) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဘေးလွတ်ကင်းသည့်နေရာသို့ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာ အုပ်စု ( ၆) အုပ်စုတို့မှ အိမ်ခြေ(၆၂၃)အိမ်၊ အိမ်ထောင်စု ( ၆၆၇)စုတို့ရှိ လူဦးရေ (၂၁၁၁) ဦးတို့အား ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူ (၁) ဦးလျှင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၈၈၆၆၂၀၀ိ /-) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို နှင့်ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)